![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEAMILOwBaEtnETm15-yOpSAldjanhvAbPzqRspysGuV0sP39SiMvXClPSHK4Ua2_JACJawopZDgKfli3iAavVuhqEErPEpcT66Oa2c0BX4BzMHRzn_frwRkw4QvenFPVyFZgOeLPxRjo/s320/Lord-Buddha@102.png)
ဒုက္ခသစ္စာ
- စိတ်ဟာ စိတ်ဘဲ သဘာဝဘဲ ဒုက္ခသစ္စာဆိုတာ သိပေးပါ။ ဘုရားဟောအတိုင်းဆို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ချမ်းသာစိတ်၊ ဆင်းရဲစိတ်၊ ဘယ်စိတ်မဆို- ဖြစ်ပြီး ပျက်တာဘဲ - မမြဲဘူးဘယ်လောက် သာယာတဲ့ အသံဖြစ်ဖြစ်- ဖြစ်ပြီးပျက်တာဘဲ သစ္စာဆိုတဲ့ အမှန်တရားဆိုတာ ပေါ်လာပြီး ပျက်သွားတယ်- ဖြစ်ပြီးပျက်တာဘဲရှိတယ်။
- ပေါ်လာတာ ဒုက္ခသစ္စာ၊ သိနေတာ မဂ္ဂသစ္စာ၊ မဖောက်ပြန်ဘဲ မြဲနေတာ နိရောဓသစ္စာ။ ငါမြင်တာ ငါကြားတာမဟုတ် ဖြစ်ပြီးပျက်သွားတာဘဲ၊ ပျက်ပြီးရင် နောက်ဓမ္မတစ်ခုက ကျေးပြုပြီး ပြန်ဖြစ် ပြန်ပျက်တယ်။
- ကြီးတယ်ဆိုတာ ငယ်တာကို သိမ်းပိုက်ထားလို့ ပြန်တယ်ဆိုတာ လာလို့ပြန်တာ၊ မလာရင် ပြန်စရာ မရှိဘူး ဘဝဆိုပြီး သိမ်းပိုက်ထားလို့ ဘဝဆုံးရတာ၊ အရာရာ ကိုယ့်သတ်မှတ်ချက်နဲ့ ကိုယ်ဒုက္ခရောက်နေတာ ဖြစ်လာတဲ့စိတ်ကို လက်မခံနဲ့ လက်ခံလိုက်ရင် စိတ်နဲ့ပတ်သက်တဲ့ အရာအားလုံး လက်ခံရတယ်၊ မိန်းမကို လက်ခံလိုက်တဲ့အတွက် မိန်းမနဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေ တစ်သီကြီး အကုန်လက်ခံရတယ်။
- ကိုယ့်မှာ ရှိတဲ့စိတ်ကို တားဆီးတာ၊ သိနေတာ တရားလုပ်နေတာဘဲ၊ တရားအားထုတ်တယ် ဆိုတာ ဘာစိတ်မှ လက်မခံတာ။
- ၃၁ဘုံမှ ဘာကိုမှ အားကိုးလို့မရ ဘုရားလည်းမကယ်နိုင် တရားဘဲအားကိုးလို့ရတယ်၊ ဘုရားတောင် ဒီတရားဘဲ အားကိုးတယ်။
- လောကမှာ ကိလေသာသမားများ အချင်းချင်း ဟန်ဆောင် ပေါင်းသင်းကြတာ၊ နတ်ဗြဟ္မာပြည်ကို အားမစိုက်ဘဲ ရောက်ချင်ရောက်မယ် နိဗ္ဗာန်ကတော့ အားစိုက်မှရောက်မယ်။
- လူသေကောင် အသေကောင်ကျတော့ လူတွေရွံကြောက်ကြတယ်၊ မိမိခန္ဓာမှာ တရစပ် သေနေတဲ့ အရာတွေဖြစ်ပြီး ပျက်နေတဲ့ အသုဘတရားတွေကြတော့ မကြောက်ဘူး မရွံဘူး၊ ခင်တွယ်နေကြတယ် အဲဒါ အဝိဇ္ဇာလို့ခေါ်တယ်(အမှန်မသိခြင်း)
- တဏှာက ကောင်းကောင်းဆိုးဆိုး ကိုယ့်ကိုကိုယ် မြတ်နိုးနေတာ တရားမရှိရင် မတရားအများ ကြီးဖြစ်မယ် ယာယီမှန်တာ စွဲလန်းမနေနဲ့ ရောဂါမပျောက်ခင် ရောဂါဆိုတာ မှန်တယ် လူကြီးမဖြစ်ခင် လူငယ်ဆိုတာမှန်တယ် အချိန်ကာလ တစ်ခုအထိတော့ မှန်တယ် သစ္စာမဆိုက်ဘူး။
- မြင်လျှင် လောဘ၊ ဒေါသ၊ မောဟ၊ မဖြစ်စေနဲ့ မြင်လျှင်၊ ကြားလျှင်၊ နာလျှင်၊ ထိလျှင် မမြင်သလို၊ မကြားသလို၊ မထိသလိုနေ၊ ကိုယ့်အတွက် အဆင်းရဲဆုံးဟာ ကိုယ့်ခန္ဓာဘဲ၊ ငါမဟုတ်သလိုစား၊ ကြည့်၊ သွား၊ နေ- ဆက်ဆံတတ်လျှင် ကိစ္စပြီးပြီ ငါမရှိတာကို အရှိလုပ်ပြီး မှားနေကြတာ တကယ်ရှိတဲ့ သဘောက ဒုက္ခသစ္စာပဲ။
- ဘုရားက အရာရာဥာဏ်နဲ့လုပ်တယ် ကံနဲ့လုပ်ရင် မပြီးဆုံးဘူး ဖြစ်/ပျက်ဘဲ၊ မမြင်လျှင် အကြောင်းတိုက်ဆိုင်လို့ မြင်တာ၊ ရုပ်ဝေဒနာလို့ မှတ်ပါ၊ အာရုံနှင့် စိတ်ဆုံလျှင် တဏှာ မဖြစ်ဖို့ အရေးကြီးတယ်။
- ခန္ဓာဟာ ဓါတ်ကြီးလေးပါးနှင့် ဖွဲ့စည်းထားတဲ့အတွက် သစ်ပင်လို ရေ၊ လေ၊ တစ်ခုခုဖြတ်လိုက် ရင် သေပြီပဲ၊ မှီခိုနေရတာပဲ၊ ကံ၊ စိတ်၊ ဥတု၊ အဟာရလဲ မမြဲဘူး ဖြစ်ပြီး ပျက်တာပဲ။
- ကာမမေထုံနဲ့ စားတဲ့အရသာလောက်တော့ တိရိစ္ဆာန်များလဲ ခံစားတတ်တာပဲ ရုပ်နာမ်အပေါ် စိတ်မကုန်ကြလို့ ၃၁ဘုံက မတက်နိုင်ကြတာ၊ အာရုံတူတာ စိတ်ဝင်စားကြတယ်၊ ခွေးခွေးခြင်း၊ ကြောင်ကြောင်ခြင်း၊ လူလူခြင်း စိတ်ဝင်စားကြတယ်။
- ကိုယ်နဲ့များများ သက်ဆိုင်လေ များများဒုက္ခရောက်လေပဲ၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်လျှင် သူများကိုယ့်ကို ဂရုမစိုက်လဲ ပြဿနာမဟုတ်၊ ပြဿနာမရှိဘူး ကိုယ်ဖြစ်ချင်တာ မရသူဖြစ်ချင် တာမရ သူဖြစ်ချင်တာ ဖြစ်နေတာ အနတ္တ။
- စိတ်အသစ်(သဘာဝစိတ်)ကို အစားထိုးပြီး သုံးကြည့်ပါ စိတ်ဟာဖြစ်ရုံလေးလို့ ယုံကြည်ပေးပါ၊ တစ်ဦးတစ်ယောက် တစ်ချိန် တစ်နေရာ တခုခု မဟုတ်လို့ ယုံကြည်ပေးပါ၊ တကယ်ဟုတ်တာ စိတ်စေသသိက် ရုပ်၊ ခန္ဓာ ၅ပါး သဘာဝစိတ်လို့ခေါ်တယ် ဖြစ်ရုံလေးပဲ ဒုက္ခသစ္စာပဲ။ သဘော လေးသက်သက်ပဲ တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊ တစ်နေရာ၊ မဟုတ်တော့ ဘာမှဖြစ်စရာမလို ဘူး တစ်ခုခုဆိုရင် အသစ်ဆိုရင် ဟောင်းသွားဦးမယ် စိတ်မချရဘူး တစ်ချိန်ချိန် Sometime ဆို ရင် အဆုံးတစ်နေ့ရောက်ဦးမှာ တစ်ယောက်ယောက်ဆိုလျှင် အဆုံးတစ်နေ့ ပျက်စီးမှု လမ်း ဆုံးဦးမှာ။
- ကိုယ့်ရဲ့ အယူမှား အသိမှားတွေကို စွန့်လွှတ်လို့ ဘုရားဖြစ်သွားတာ ဘုရားအဖြစ် ပို့ဆောင်နိုင် တဲ့ သဘာဝစိတ်ဟာ ကျန်တဲ့သူတွေအတွက်ကတော့ ကိုယ့်အလိုလောက်တော့ မဖြစ်နိုင်စရာ မရှိဘူး၊ မွေးမြူရေးစိတ် ဖန်တီးထားတဲ့ စိတ်တွေကို စွန့်လွှတ်ပါ သဘာဝစိတ်ကို လက္ခံကျင့်သုံး ပါ ကိလေသာဆိုတာ ပန်းတိုင်မရှိဘူး မဆုံးတဲ့လမ်း မပြီးတဲ့အလုပ် နိဗ္ဗာန်က ပန်းတိုင်ရှိတယ်။
- စားတဲ့စိတ်(မရှိဘူး)၂လို့သိမှတ် စားရင်းနဲ့ နိဗ္ဗာန်ရနိုင်တယ် စားသာစားပါ နောက်က တဏှာမ လိုက်နဲ့ ဖြစ်/ပျက်ပဲရှုပါ ကြည့်ချင်ကြည့် စိတ်ထဲမထဲ့နဲ့ တဏှာနဲ့မစားနဲ့ စားတဲ့စိတ်မှာ ဓမ္မက လိုရင်းပဲ အဟာရက လိုရင်းလား အဟာရကြောင့် ဖြစ်တဲ့ဓမ္မက လိုရင်းလား ခွဲခြားသိပါ။
- ၃၁ဘုံချမ်းသာဆိုတာ အထင်ချမ်းသာဖြစ်တယ် ဝိပဿနာက ဥာဏ်ချမ်းသာဖြစ်တယ် ၃၁ဘုံမှာ ဟိုလူ အထင်ကြီး ဒီလူအထင်ကြီး ဒီလူအားကျနဲ့ ကိုယ်စိတ်ချမ်းသာမဟုတ် အများအထင် ကြီးခံရအောင်လုပ်နေတာ ကိုယ့်ကိုအားကျခံရဖို့ သူများအထင်နဲ့ ကိုယ့်ဘဝတည် ဆောက်ကြ တယ် လောဘ၊ ဒေါသ၊ မောဟ ကပို့တဲ့ အပါယ်၎ပါးမှာ ခန္ဓာနဲ့ဆပ်ရတယ် ဆိုတာမသိကြလို့ပါ၊ လောကီရေးဆိုတာ (လောဘ- ဒေါသ- မောဟ)ခိုင်းတာ လုပ်နေတာ တရားအားထုတ်တယ်ဆို ဘုရားခိုင်းတာလုပ်နေတာ ဘုရားကို တရားနဲ့ ပူဇော်တာ ဝိဿနာပဲ။
- ချီးကျူးခံရတာကို သာယာမိရင် ကိုယ့်ရဲ့စိတ်ပျက်စီးသွားတာဘဲ ကဲ့ရဲ့ခံရတာကို စိတ်ဆိုးမိရင် လည်း ဒီလိုလဲ ချီးကျူးတာဖြစ်ဖြစ် ကဲ့ရဲ့ဖြစ်ဖြစ် (မရှိဘူး၊ မရှိဘူး)လို့မှတ်ပါ (သို့) ရုပ်ရှင်ရိုက် သလို တကယ်မရိုက်သလို တကယ်မဟုတ်ဘူးဆိုပြီး စိတ်ထဲမှာ ဟန်ဆောင်ပါ မသိချင်ဟန် ဆောင်ပါ လက္ခ့ပြီး ခံစားနေရင် စိတ်ပျက်စီးပြီ၊ ဘာပဲဖြစ်ဖြစ် ဖြစ်ပျက်ဆိုတဲ့ ဓမ္မဘဲ(ဘာမှမဟုတ် ဘူး)၂ သိပေးပါ ဗလာပဲ သုံညပဲ နှလုံးသွင်းပါ စိတ်ဆိုတာ တစ်ခုထဲ ဖြစ်တယ် ၂ခုပြိုင်တူ မဖြစ်ဘူး၊ ဘာမှ မဟုတ်ဘူးဆိုရင် ဘာမှမဟုတ်ဘူးပဲ။
- အကောင်းစစ်မဟုတ်တဲ့အတွက် ဘာကိုပဲ လက္ခံကျေနပ်နပ်မကြာခင် မတင်းတိမ်တော့ဘဲ အခြားလိုချင်တောင့်တမှုကို ကြိုးစားပြန်တယ် လောကုတ္တရာချမ်းသာကို ခံစားပြီးလျှင် ကျန်တာ ဘာမှ မမှီခိုရတဲ့အတွက် အမြဲတမ်းချမ်းသာနေတယ် တရားနဲ့ အရသာမခံစားဘူးလျှင် ကာမ ဂုဏ်အာရုံကို ခင်တွယ်နေမယ် ဒွါရ၆ပေါက်မှ ၁ပေါက်ပေါက်မှ စွဲလန်းမှု အမြဲတမ်းသံသရာတစ် လျှောက်လုံး ခံစားနေရပြီး လောဘ ဒေါသ မောဟနဲ့ ကျေနပ်သာယာနေတာပဲ ကိုယ်ရဲ့စိတ်ကို ကိုယ်ကျေနပ်သာယာနေတာပဲ ကိုယ့်ရဲ့စိတ်ကို ကိုယ်လှည့်စားပြီး ကောင်းတယ် ထင်နေတာ။
- ဘာပေါ်ပေါ်(မရှိဘူး)၂ နှလုံးသွင်းရင် တကယ်မရှိတာ သိသွားရင် တရားဖြစ်ပြီ ရုပ်နာမ်သုံညတ လို့ ခေါ်တယ် မရှိဘူးဆိုမှတော့ ဘာကိုစွဲလမ်းတပ်မက် နေရတော့မလဲ ရှိတယ်ထင်နေလို့ စွဲလမ်းမှုတဏှာ မဆုံးနိုင်တာပေါ့။
- ရုပ်နာမ်ဟာ ဓာတ်သဘောပဲ၊ ဓာတ်ကို ဒာတ်မှန်း မသိရင် ကံဖြစ်သွားပြီ ငါ သူတပါးယောင်္ကျား မိန်းမ အားလုံး ဓာတ်တွေပဲ၊ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတယ်။ ဓာတ်အချင်းချင်းလည်း မတည့်ဘူး ပထ၀ီ+အာပေါ နှင့် တေဇော+၀ါရော အုပ်စုနှစ်ခု မတဲ့ဘူး ဘယ်သူမှ မဖျက်လည်း သူတို့အချင်းချင်း ဓာတ်သဘော တိုက်ခိုက်ပြီး ပျက်သွားရတာပဲ ဒါကြောင့် နောက်ဆုံးတိုက်ရင်း ကျွဲနှစ်ကောင်ကြားက မြေစာပင်လို လူသေသွားရတာပဲ။
- ပြုလုပ်တာ သင်္ခါရ ဆိုတာ နားလည်ရ အခက်ခဲဆုံးပဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) လုပ်လို့ဖြစ်တာ တန်ဖိုးမထားနဲ့ အလုပ်စွဲ (အတ္တစိတ်) ဖြုတ်ပါ ပင်ကိုယ်သဘာဝလေး ဖြစ်ရုံလေး ဖြစ်နေတာကို ရပ်တန့်တယ် မရှိဘူး (အနတ္တစိတ်) စွန့်လွှတ်ရဲမှ တရားကို တစိုက်မတ်မတ် လုပ်လိုရတယ် အကြောင်းအရာ တစ်ခုစိတ်ထဲမ၀င်ခင် ဘာမှဒုက္ခမပေးဘူး စိတ်ထဲ ၀င်လာမှပဲ ဒုက္ခပေးတာ အပြင်မှာ ဘာဖြစ်ဖြစ် သေသေရှင်ရှင် မသာကြီး ဖြစ်ဖြစ် စိတ်ထဲမ၀င်ရင် စိတ်မဖြစ်ရင် ဒုက္ခမပေး ချမ်းသာတယ် တရားအားထုတ်တယ်ဆိုတာ ဘာစိတ်မှ လက်မခံတာ မွေးမြူရေးစိတ် မဖြစ်အောင် လုပ်တာ။
- စိတ်များတာ ကိစ္စမရှိ စိတ်တစ်ခုခု စွဲနေတာက ပြဿနာ ကိုယ့်ရဲ့စိတ်က ကိုယ့်ရဲ့ရန်သူပဲ ဥာဏ်ဖြစ်မှာကို စိတ်က တားဆီးကန့်ကွက်နေတာပဲ တရားအားထုတ်တဲ့ အချိန်မှာ နှလုံးသားမှာ စစ်ပွဲဖြစ်နေတာ ပညတ်ကို ယုံကြည်လိုက် ပရမတ်ကို ယုံကြည်လိုက်နဲ့ အားသာတဲ့စိတ်က အနိုင်ရတယ်။
- စိတ်ကိုဖြစ်ခွင့် မပေးနဲ့ အနတ္တဆိုတဲ့ သဘာဝစိတ်ကိုပဲ ဖြစ်နေပါစေ ဖြစ်ရုံလေးဆို ဖြစ်ရုံလေးပဲ သူများ သိသလို ကိုယ်သိနေတာ စိတ်ကို (copy) ကူးနေတာ ပုဂ္ဂိုလ်စွဲ မဖြုတ်ရင် တရားအား ထုတ်တာ အလကားပဲ။
No comments:
Post a Comment